ပေါက်ခေါင်းမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် MASK AND FACE SHIELD CAMPAIGN အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါက်ခေါင်းမြို့၊ ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ခရိုင် / မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ ဦးဆောင်မှုဖြင့် (၈-၁-၂၀၂၁)ရက်နေ့ နံနက်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၊ ပေါက်ခေါင်းမြို့မဈေးကြီးနှင့် လူစည်ကားရာလမ်းဆုံများတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မျက်စိရောဂါကုသရေး ကူညီမှုအသင်းဝင်များတို့ ပူးပေါင်း၍ mask and face shield campaign၊ Hand speaker campaign ဆောင်ရွက်ခြင်း၊ ဈေးရောင်းသူများ ဈေးဝယ်သူများ COVID-19 ကူးစက်‌ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန် hand speaker ဖြင့် ပညာ‌ပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

 

 
 

More Tags