ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အကျဉ်းထောင်များတွင် COVID-19 မဖြစ်ပွားစေရေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျိုင်းတုံမြို့၊ (၂၀၂၁) ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အကျဉ်းထောင်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် (၈-၁-၂၀၂၁) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းက အကျဉ်းထောင်များတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထား ရှိရမည့် လုပ်ငန်းအသေးစိတ်များအား ရှင်းလင်းပြောကြားခြင်း၊ ကျိုင်းတုံအကျဉ်းထောင် တာဝန်ခံဆရာဝန်နှင့် လက်ထောက်ညွှန်ကြားရေးမှူးမှ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းအခက်အခဲများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ကျသစ်/ချုပ်သစ်များ COVID-19 စစ်ဆေးပေးနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးပြီး ကျိုင်းတုံဆေးရုံအုပ်ကြီးမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

 

     ဆက်လက်၍ ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးမှ ကျိုင်းတုံမြို့နယ် အကျဉ်းဦစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါနှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာလင်းထွဋ်ဦးက အကျဉ်းထောင်များ၊ အချုပ်ခန်းများတွင် လုပ်ငန်း ဆောင်ရွက်စဉ်အတွင်း COVID-19 ရောဂါ မကူးစက်စေရေး ကြိုတင်ဆောင်ရွက်မည့်လုပ်ငန်းများ ပြည်နယ်မှဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည့်ကဏ္ဍများနှင့် ကာကွယ်ရေးလုပ်ငန်း သုံးပစ္စည်းများ ထောက်ပံ့ပေးရေးကိစ္စများအား ဆွေးနွေးခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တာဝန်ရှိသူ စုစုပေါင်း (၁၀) ဦးတက်ရောက်ခဲ့ပြီး နေ့လည်(၃)နာရီတွင် အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။

More Tags