“ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (3-1-2021)

အမှတ်စဉ် (၁၅၄)
ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ညောင်လေးပင်မြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၈.၁၂.၂၀၂၀)

 
 

အမှတ်စဉ် (၁၅၅)
ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့်ရေကြည်မြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၄.၁၂.၂၀၂၀)

 
 

အမှတ်စဉ် (၁၅၆)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ စည်ပင်သာယာဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ခြင်း မရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို (၂၀.၁၂.၂၀၂၀)နေ့၊ နံနက်(၁၀)နာရီ တွင် တွေ့မြင်ရပုံ၊ “ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)များကို ဈေးရောင်းသူ/ဈေးဝယ်သူအားလုံးမှစနစ်တကျတပ်ဆင်ခြင်း၊ Mask ကိုစနစ်တကျတပ်ဆင်ထားရန်အချင်းချင်းအသိပေးခြင်း/သတိပေးခြင်း မရှိလျှင် ထိုသို့တပ်ဆင်ကာကွယ်ထားခြင်းမရှိသူများအကြားကိုဗစ်-၁၉ ရောဂါဆက်လက်ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန်ခက်ခဲနေဦးမည်ဖြစ်ပါသည်။”

 
 

အမှတ်စဉ် (၁၅၇)
ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (သုဝဏ္ဏ)၊ စောင့်ကြည့်ကြပ်မတ်ကုသဆောင် (HDU) ၌ ကျန်းမာရေးဝန်ထမ်းများက ရောဂါပြင်းထန်စွာခံစားရနေသူတစ်ဦးကို ပြုစုကုသစောင့်ရှောက်မှုများပေးအပ်နေပုံ (၃၁-၁၂-၂၀၂၀)

 
 

More Tags