“ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (25-12-2020)

အမှတ်စဉ် (၁၁၈)
ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးပညာရှင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မိုးညှင်းနှင့်ဖားကန့်မြို့နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်းနှင့် မျက်နှာအကာစနစ်တကျတပ်ဆင်ရေးလှုပ်ရှားမှု (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၂၂-၁၂-၂၀၂၀)

 
 

အမှတ်စဉ် (၁၁၉)
ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၌  အခြေခံကျန်းမာရေးပညာရှင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ (Mask and Face Shield Campaign) ဆောင်ရွက်နေပုံ (၂၃.၁၂.၂၀၂၀)

 
 

အမှတ်စဉ် (၁၂၀)
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တိုဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ခြင်း မရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို နံနက်(၉:၃၀)၊ (၁၈.၁၂.၂၀၂၀)နေ့ တွင် တွေ့မြင်ရပုံ၊  “ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)များကို ဈေးရောင်းသူ/ ဈေးဝယ်သူအားလုံးမှ စနစ်တကျတပ်ဆင်ခြင်းမရှိလျှင် ထိုသို့တပ်ဆင်ကာကွယ်ထားခြင်း မရှိသူများအကြားကိုဗစ်-၁၉ ရောဂါဆက်လက်ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန်ခက်ခဲနေဦးမည်ဖြစ်ပါသည်။”

 
 

အမှတ်စဉ် (၁၂၁)
ကိုဗစ်-၁၉ ကုသရေးဌာန(သုဝဏ္ဏ)ရှိ ဆေးကုသဆောင်များအား ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက CCTV Camera System အသုံးပြုကာ စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးနေပုံ (၂၉-၁၁-၂၀၂၀)

 
 

More Tags