“ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (22-12-2020)

အမှတ်စဉ် (၁၀၆)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အနောက်၊ သီရိမာလာ အရှေ့၊ အောင်မြေသာစံ၊ ညောင်ကွဲနှင့် မင်းတဲအီကင်းရပ်ကွက်များ၌  မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံကျန်းမာရေးပညာရှင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Hand speaker များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask- ၁၀,၀၀၀) အခမဲ့ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်နေပုံ (၂၁-၁၂-၂၀၂၀)

 
 

အမှတ်စဉ် (၁၀၇)
ပြည်သူများကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုနှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်ရှိ ဈေးများတွင် ပဲခူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် အခြေခံကျန်းမာရေးပညာရှင်များ ပူးပေါင်း၍ Mask and Face Shield Campaign ဆောင်ရွက်နေပုံ (၂၀-၁၂-၂၀၂၀)

 
 

အမှတ်စဉ် (၁၀၈)
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗဟန်းဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ခြင်း မရှိဘဲ ဈေးရောင်း/ဝယ်နေသည်ကို နံနက် (၈:၃၀)၊ (၂၀.၁၂.၂၀၂၀)နေ့ တွင် တွေ့မြင်ရပုံ၊  “ဈေးရောင်း/ဝယ်ရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield) များကို ဈေးရောင်းသူ/ဈေးဝယ်သူအားလုံးမှ စနစ်တကျတပ်ဆင်ခြင်းမရှိလျှင် ထိုသို့ တပ်ဆင်ကာကွယ်ထားခြင်းမရှိသူများအကြား ကိုဗစ်-၁၉ ရောဂါဆက်လက်ကူးစက်၍ ရောဂါကိုထိန်းချုပ်ရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။”

 
 

အမှတ်စဉ် (၁၀၉)
ဝေဘာဂီပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) တွင် ရောဂါပြင်းထန်စွာခံစားနေရတစ်ဦးကို မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန် ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်ကောင်းစွာ ရှူနိုင်ရေးအတွက် ကုသစောင့်ရှောက်မှုများပေးအပ်နေပုံ (၁၈-၁၂-၂၀၂၀)

 
 

More Tags