ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/မြို့နယ်များတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ(Face Shield) မဖြစ်မနေ တပ်ဆင်ရေး စီမံချက်ပြုလုပ်

ကျိုင်းတုံမြို့၊၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၂၀)ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/မြို့နယ်အသီးသီးတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ယခုအခါ COVID-19 ရောဂါ ဒုတိယလှိုင်းဖြစ်ပွားချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရောဂါကူးစက်မှု မမြင့်မားစေရေးအတွက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပြီး ခရိုင်/မြို့နယ်များရှိ လူစည်ကားရာနေရာများတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) နှင့် မျက်နှာအကာ (Face Shield) မဖြစ်မနေတပ်ဆင်ရေး စီမံချက်ကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။


     (၁၆-၁၂-၂၀၂၀) ရက်နေ့မှ (၂၀-၁၂-၂၀၂၀) ရက်နေ့အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ အခြေခံကျန်းမာရေး ပညာရှင်များပါဝင်သည့် အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လူစည်ကားရာနေရာများဖြစ်သော လမ်းဆုံ၊ လမ်းခွများနှင့် မြို့မဈေးများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) မဖြစ်မနေ တပ်ဆင်ရေး စီမံချက်ကိုဆောင်ရွက်ခဲ့ကြသည်။

More Tags