ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန “ယနေ့အတွက်ဓာတ်ပုံကဏ္ဍ (Photos of the Day)” (၁၉-၁၂-၂၀၂၀)

အမှတ်စဉ် (၉၃)
မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက မန္တလေးတိုင်းဒေသကြီး၊ တံတားဦးအပြည်ပြည်လေဆိပ်၌ လေဆိပ်ဝန်ထမ်းများအား COVID-19 ရောဂါပိုးရှိ/မရှိ  (RDT)ဖြင့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေပုံ။
(၁၈.၁၂.၂၀၂၀)

 
 

အမှတ်စဉ် (၉၄)
ပြည်သူများကိုဗစ်-၁၉ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးရပ်ကွက်အတွင်း COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးအတွက် အသံချဲ့စက်များဖြင့်လှုံ့ဆော်ခြင်း၊ မျက်နှာအကာ (Face Shield) နှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကိုအမရပူရမြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ဆောင်ရွက်နေပုံ။
(၁၈.၁၂.၂၀၂၀)

 
 

အမှတ်စဉ် (၉၅)
ပြည်သူများကိုဗစ်-၁၉ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်နှင့် ပူတာအိုမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်အသုံးပြုစေရေး Mask and Face shield campaign ကို ဆောင်ရွက်နေပုံ။
(၁၇.၁၂.၂၀၂၀)

 
 

အမှတ်စဉ် (၉၆)
ကိုဗစ်-၁၉ ကုသရေးဌာန(သုဝဏ္ဏ)၊ အထူးကြပ်မတ်ကုသဆောင် (ICU) သို့
ရောဂါပြင်းထန်စွာခံစားနေရသူတစ်ဦး ရောက်ရှိလာသည့်အခါ ကျန်းမာရေးဝန်ထမ်းများမှ လက်ခံနေရာချထားပေး၍ ကုသစောင့်ရှောက်မှုများပေးအပ်နေပုံ။
(၁၆-၁၂-၂၀၂၀)

 
 

More Tags