ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မစည်ပင်သာယာ (ယာယီပျံကျဈေးတွင်) COVID-19 ရောဂါကာ ကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး (Mask)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ‌ဆောင်ရွက်

မာန်အောင်မြို့၊၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအတိုင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် မာန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများက COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းကို မာန်အောင်မြို့မ စည်ပင်သာယာ(ယာယီပျံကျဈေး)တွင် ဈေးရောင်းသူများနှင့် ဈေးလာဝယ်သူများအား (Mask) တပ်ဆင်ပြီးမှ ရောင်းချ/ဝယ်ယူကြရန် အသိပညာပေးခြင်းနှင့် (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို  (၁၆-၁၂-၂၀၂၀)ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

 

 

More Tags