ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ရောဂါဖြစ်ပွား သေဆုံးမှုအခြေအနေ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ရောဂါဖြစ်ပွား သေဆုံးမှုအခြေအနေ (13-12-2020)

• COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ဆက်လက်မြင့်မားနေဆဲဖြစ်ပါသည်။

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေးကဏ္ဍတို့မှ တာဝန်ရှိသူအသီးသီးသည် မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုနှင့်သေဆုံးမှု အနည်းဆုံးဖြစ်စေရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တတ်နိုင်သမျှ အစွမ်းကုန်ကြိုးပမ်း အားထုတ် ဆောင်ရွက်လျက်ရှိပါသည်။

• ပြည်သူတစ်ဦးချင်းစီမှလည်း COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တာဝန်သိစွာဖြင့် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

မှတ်ချက်။ ပူးတွဲပါဇယားကို နိုင်ငံအလိုက် ဓါတ်ခွဲအတည်ပြုလူနာဦးရေ အနည်းအများပေါ်မူတည်၍ စီထားခြင်းဖြစ်ပါသည်။

COVID-19 ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုကိန်ဂဏန်းများကို များခြင်း၊ နည်းခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ကောက်ချက်ချခြင်း၊ မှတ်ချက်ပြုခြင်းပြုလုပ်မည်ဆိုပါက ရှုထောင့်ပေါင်းစုံ၊ နည်းလမ်းမျိုးစုံဖြင့် လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာလျင် အခြေအနေကို မှန်ကန်စွာ အကဲဖြတ်သိရှိနိုင်မည်ဖြစ်ပါသည်။

More Tags