ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်နယ်အဆင့်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပဆောင်ရွက်

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၁ ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/မြို့နယ်များတွင် (၁၄-၄-၂၀၂၀) ရက်နေ့မှ (၁၁-၁၂-၂၀၂၀) ရက်နေ့အထိ COVID-19 ရောဂါ အတည်ပြုလူနာစုစုပေါင်း (၁၃၂)ဦးရှိပြီဖြစ်သည်။ ၎င်းအတည်ပြုလူနာ (၁၃၂)ဦးအနက် (၉၈)ဦးသည်တာချီလိတ်မြို့နယ်မှဖြစ်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်အဆင့် COVID- 19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာအဖွဲ့သည် တာချီလိတ်မြို့နယ်တွင် COVID-19 ရောဂါအား ဆက်လက်ပြန့်ပွားမှု မရှိစေရေး အတွက်ရည်ရွယ်၍  ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးခန်း၌  (၁၁-၁၂-၂၀၂၀) ရက်နေ့ ညနေ(၃)နာရီအချိန်တွင် တွေ့ဆုံခဲ့ကြသည်။

     အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် က တာချီလိတ်မြို့နယ်အတွင်းဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ဆက်လက်ပြန့်ပွားနေမှုနှင့် ပတ်သက်၍ ဖြစ်စဉ်အကျဉ်းချုပ်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒေါက်တာမြင့်ကျော်က တာချီလိတ်မြို့နယ်၌ လက်ရှိဆောင်ရွက်နေသည့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၏ တွေ့ကြုံရသော အခက်အခဲများနှင့် ပတ်သက်၍ ပြည်နယ်အဆင့် နည်းပညာဆိုင်ရာအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အလိုက် အခန်း ကဏ္ဍများခွဲ၍ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်တစ်ခုဖြစ်သော ပြည်သူလူထုအတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ တိုးပွားလာစေရေးအတွက် လူစည်ကားရာနေရာများနှင့် လူစုလူဝေးအသွင်ဖြင့် နေထိုင်လျက်ရှိသည့် ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးစီမံချက် (Mask and Face Shield Campaign)ကို ယခင်ထက် ကြိုးပမ်းဆောင်ရွက်သွားရန်တို့အား တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းတက်ရောက်လာသူများမှ မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တာချီလိတ်မြို့နယ်တွင် COVID-19 ရောဂါ ဆက်လက် ကူးစက်မှု မရှိစေရေး ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေအသေးစိတ်အား ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ (၄) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

More Tags