ပေါက်တောမြို့နယ်အတွင်း လူမှုရေးအရ သွားလာရခက်ခဲသော ဒေသများတွင် လူဦးရေစာရင်း ကောက်ယူခြင်းများဆောင်ရွက်

ပေါက်တော၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၁ ရက်

     ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင်၏ လမ်းညွှန်မှုဖြင့်  ၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ (၁၅) ရက်နေ့အထိ လူမှုရေး အရ သွားလာရခက်ခဲသည့် ဒေသများဖြစ်သော ဆင်တက်မော် RHC အတွင်းရှိ  ဆင်တက်မော်ကျေးရွာ၊ ဆင်တက်မော် Camp ၊ အနောက်ရဲ Camp ၊ အနောက်ရဲကျေးရွာ၊ မြင့်ဂါ RHC အတွင်းရှိ ကြိမ်နီပြင် Camp၊ အလယ်ကျွန်း RHC အတွင်းရှိ  ငှက်ချောင်း Camp (1) ၊ ငှက်ချောင်း Camp (2) စသည့်နေရာများတွင် ၂၀၂၀ ခုနှစ် နှစ်ကုန်လူဦးရေနှင့် နှစ်ချုပ်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် NGOs ၊ INGOs ဝန်ထမ်းများ၊ Volunteers များမှ ပူးပေါင်းပါဝင်ကြပြီး လုပ်ဆောင် ခဲ့ကြပါသည်။

More Tags