COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး (Mask & Face Shield)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လှုပ်ရှားမှုများကို ပေါက်တောမြို့တွင် အရှိန်အဟုန်မြှင့် ‌ဆောင်ရွက်

ပေါက်တောမြို့၊၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအတိုင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ပေါက်တောမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ Volunteersများ ပူးပေါင်းပါဝင်ကြပြီး COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းကို ပေါက်တောမြို့မဈေးနှင့် ရပ်ကွက်(၂)၊ ရပ်ကွက်(၃) နေရာတို့တွင် Mask၊ Face shield များကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုများကို (၉-၁၂-၂၀၂၀) ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

 

 

More Tags