ပုဏ္ဏားကျွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး (Mask & Face Shield)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ‌ဆောင်ရွက်

ပုဏ္ဏားကျွန်းမြို့၊၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအတိုင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ အလယ်ချောင်း ကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများက COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေခြင်းကို ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာရှိ ဈေးနှင့်စက်လှေဆိပ်တို့တွင် Mask(၂၀၀)ခု ၊ Face shield (၅၀)ခုကို အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများကို  (၇-၁၂-၂၀၂၀)ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

 

 

More Tags