ဘူးသီးတောင်မြို့မဈေးတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် (Mask & Face Shield) များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဘူးသီးတောင်မြို့ ၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအတိုင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဘူးသီးတောင်မြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများမှ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိ ပညာပေးခြင်းကို ဘူးသီးတောင်မြို့မဈေးတွင် စျေးရောင်းသူများနှင့် စျေးဝယ်လာသူ များအား (Mask & Face shield) ဝတ်ဆင်ပြီး ရောင်းချ/ဝယ်ယူကြရန် အသိပညာပေးခြင်းနှင့် (Mask & Face shield)များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

 

 

More Tags