ဘားအံမြို့နယ်တွင် World AIDS Day အကြိုအဖြစ် Mask Campaign လှုပ်ရှားမှုများ ဆောင်ရွက်

ဘားအံ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၉ ရက်

     ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်သင်းနှင့်အဖွဲ့သည်  (၂၉-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၀) နာရီတွင် ဘားအံမြို့၊ ကြာအင်းတောင်ပေါ်တွင် တောင်တက်လာရောက်သူများအား COVID-19 ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များ၊ HIV အသိပညာနှင့် စစ်ဆေးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ၊ World AIDS Day 2020 logo ပါဝင်သော Face Mask များ၊ ဘားအံ World AIDS Day Online Quiz-2020 နှင့် HIV သွေးစစ်ဆေးမှု ခံယူနိုင်သောအစီအစဉ်များ ပါဝင်သော လက်ကမ်းစာစောင်များ ၊ Hand Sanitizer များ၊ လက်ဆေးဆပ်ပြာများနှင့် Royal-D ဓာတ်ဆားများကို  ဖြန့်ဝေခဲ့ပါသည်။

 
 

More Tags