ကယားပြည်နယ်၌ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

လွိုင်ကော်၊ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၂၅) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

     ကယားပြည်နယ်၊ မြို့နယ်များရှိ ဈေးများ၊ လမ်းများနှင့်လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင်ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်း စည်း (Mask) များ ဖြန့်ဝေပြီး စနစ်တကျတပ်ဆင်စေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်သူများလိုက်နာရမည့် COVID-19 ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ အမူအကျင့်ကောင်းများကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

 
 
 

     အဆိုပါလှုပ်ရှားမှုတွင် မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာ့၀န်ထမ်းများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြပါသည်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်း ပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 
 

More Tags