ကရင်ပြည်နယ်၌ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဘားအံ၊ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၂၃)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဈေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင်ခြေ မြင့်မားသောနေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများ ကိုင်ဆောင်ချိတ်ဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။


အဆိုပါလူထုလှုပ်ရှားမှုစီမံချက်တွင် မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာ့၀န်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင်လာနိုင်မည် ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။

 

More Tags