မုံရွာမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမှုပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask Campaign) ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်

မုံရွာ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၀ ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မုံရွာမြို့နယ်/ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ဦးဆောင်မှုဖြင့် မုံရွာမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုစီမံချက် (Mask Campaign) ကို (၂၀-၁၁-၂၀၂၀) ရက်နေ့နံနက်ပိုင်းမှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။
    
     COVID-19ရောဂါ ဒေသတွင်းကူးစက်မှုလျော့နည်းစေရေးအတွက် ပြည်သူလူထုမှ ကာကွယ်ရေးနည်းလမ်းများကို အလေ့အကျင့်ဖြစ်စေရန်ရည်ရွယ်၍ လူစည်ကားရာနေရာများဖြစ်သော မုံရွာမြို့၊ မြို့တော်ခန်းမရှေ့၊ ချင်းတွင်းရတနာစျေးရှေ့နှင့် ကျောက္ကာလမ်းမကြီးပေါ်တွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ COVID-19 ရောဂါကာကွယ်ခြင်း ဆိုင်ရာ အမှုအကျင့်ကောင်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးဆိုင်းဘုတ်များကိုင်ဆောင်၍ ပညာပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

 

    အဆိုပါ လူထုလှုပ်ရှားမှုစီမံချက်တွင် မုံရွာမြို့နယ်/ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။ ပြည်သူထူထုအတွင်း COVID-19ရောဂါကာကွယ်ရေးအမှုအကျင့်ကောင်းများ ဖြစ်လာစေရန် ယခုကဲ့သို့ (Mask Campaign) လှုပ်ရှားမှု များကို မုံရွာမြို့ပေါ်ရှိလူစည်ကားသည့် အခြားနေရာများနှင့် ကျေးလက်ဒေသများတွင်လည်းဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 
 

More Tags