လွိုင်ကော်မြို့၊ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၁၇-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုအနေဖြင့် (Mask Campaign) ကို သီရိမင်္ဂလာဈေးကြီးနှင့် နောင်ယားဈေးများတွင် ဆောင်ရွက်ခဲ့ကြပါသည်။
COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု(Local Transmission) မရှိစေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ရောက်ရှိစေရန်ရည်ရွယ်၍ လူစုလူဝေးများပြားသည့် ဈေးများတွင် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။ ယင်းလှုပ်ရှားမှုတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနအစရှိသည့် နှီးနွယ်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ ပါသည်။
အဆိုပါပညာပေးလှုပ်ရှားမှုတွင် ဈေးဝယ်သူများနှင့် ဈေးရောင်းသူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask) (၁၄၀၀)ခု ဝေငှပြီး စနစ်တကျတပ်ဆင်စေခြင်း၊ အများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို အသိပညာပေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။