မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းအနေဖြင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ရောဂါပိုးရှိ/မရှိစစ်ဆေးမှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေး၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၇ ရက်

     မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများအဖြစ် တိုင်းဒေသကြီးအတွင်းရှိ ယာဉ်၀င်၊ ယာဉ်ထွက် (၂၄) နာရီ စောင့်ကြည့်စစ်ဆေးရေးဂိတ်များတွင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ RDT ဖြင့် COVID-19 ရောဂါပိုး စစ်ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပါသည်။ မကွေးတိုင်းဒေသကြီးတွင် ယာဉ်၀င်ယာဉ်ထွက် စောင့်ကြည့်စစ်ဆေးရေးဂိတ် စုစုပေါင်း (၁၉) ခုရှိပြီး ကျန်းမာရေးဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုဖြင့်  (၅.၁၀.၂၀၂၀) ရက်နေ့မှစတင်၍ ယနေ့အထိ ယာဉ်မောင်း၊ယာဉ်နောက်လိုက် (၁၁,၈၄၃) ဦးအား စစ်ဆေးပေးခဲ့ပြီး စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

 
 

More Tags