တောင်ကြီးမြို့နယ်၊ အေးသာယာဒေသန္တရတွင် HPV ကာကွယ်ဆေးထိုးနှံနေမှုအား ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကွင်းဆင်းကြည့်ရှု

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်သည် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အေးသာယာဒေသန္တရ၌ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုပြီး အေးသာယာ တိုက် နယ်ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆက်လက်ကြည့်ရှု စစ်ဆေးပါသည်။ ထို့နောက် အေးသာယာစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များအား RDT test kit ဖြင့် COVID-19 ရောဂါ ရှိမရှိ စစ်ဆေးနေမှုအား သွားရောက်ကြည့်ရှုခဲ့ပါသည်။

More Tags