သာယာဝတီမြို့နယ် မီးနင်းချောင်းဂိတ်သို့ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြီးကြပ်

ပဲခူးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁၆) ရက်

     ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၁၆-၁၀-၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီမြို့နယ်ရှိမီးနင်း ချောင်း COVID-19 စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ သာယာဝတီမြို့နယ်သို့ ဝင်ရောက်လာသူများကို ကျန်းမာရေးစစ်ဆေးခြင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းနိုင်လင်း နှင့် ကျန်းမာရေးဝန်ထမ်းများ မှ ရှင်းလင်းပြသခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

More Tags