ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား COVID-19 Antigen Rapid Diagnosis Test (RDT) - Negative အတည်ပြုကဒ်အား QR Code စနစ် ထည့်သွင်းထုတ်ဝေ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁၆) ရက်

     ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား COVID-19 ရောဂါ စစ်ဆေးခြင်းလုပ်ငန်းများကို ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ(၁)တွင် မ.ထ.သ မှတရားဝင်ထုတ်ပေးထားသော ပုံစံဖြည့်စွက်ထားသည့် Form များနှင့်တကွ လာရောက်သူများအား နံနက် (၁၁:၀၀) နာရီမှစတင်၍ နေ့စဉ် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။

 

 

     ပိုးမတွေ့အဖြေ (Negative) ရရှိသောသူများအား COVID-19 Antigen Rapid Diagnosis Test (RDT) - Negative အတည်ပြုကဒ်များကို QR Code စနစ်ထည့်သွင်း၍ ထုတ်ပေးပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ခိုင်လုံသောအထောက်အထားများ ရရှိစေခြင်း၊ အတုအပမပြုလုပ်နိုင်စေခြင်းနှင့် ယာဉ်များဖြတ်သန်းသွားသော ဂိတ်များတွင် စစ်ဆေးရလွယ်ကူစေခြင်း ဖြစ်စေရန် QR Code စနစ်အား ထည့်သွင်းအသုံးပြုသွားခြင်း ဖြစ်ပါသည်။

     ၎င်းQR Code အား မိုဘိုင်းဖုန်းများတွင် ထည့်သွင်းနိုင်သော QR Code Scanner များဖြင့် အလွယ်တကူ ဖတ်နိုင်ပြီး သက်ဆိုင်ရာစစ်ဆေးခံရသူ၏ အချက်အလက်များအား အလျင်အမြန်စစ်ဆေးနိုင်ပါသည်။

More Tags