ညောင်ရွှေမြို့နယ်၊ ဟဲယာရွာမ ရေပေါ်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် Mask များအခမဲ့ဖြန့်ဝေ

ညောင်ရွှေ၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၂) ရက်နေ့

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ဈေးရောင်းချသူ နှင့် ဈေးဝယ်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းကို အောက်တိုဘာလ (၁၂) ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ဟဲယာရွာမ တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာဇာခြည်ထွန်းနှင့် ဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ပြီးမှထွက်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုမကြာ ခဏဆေးကြောရန် တို့ကို အသိပညာပေးနှိုးဆော်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၂,၀၀၀) ခုကို အခမဲ့တပ်ဆင် ဖြန့်ဝေပေးခဲ့ပါသည်။

More Tags