ပဲခူးတက္ကသိုလ်ဝင်းရှိ CB Center သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၀) ရက်

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့သည် ( ၁၀-၁၀-၂၀၂၀ ) ရက်နေ့တွင် ပဲခူးတက္ကသိုလ်ဆေးရုံ အတွင်းရှိ CB Center အား COVID-19 Positive အတည်ပြုလူနာ ( ၇၀ ) ဦးထားရှိရန်ပြင်ဆင်မှုအားကြည့်ရှု စစ်ဆေးခဲ့ပါသည်။

 

     အဆိုပါ CB Center အား COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူမှုရေးဝန်ကြီး မှ CB Center ၏လိုအပ်ချက်များကိုတာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

More Tags