ပင်းတယမြို့နယ်တွင် ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းလျှက်ရှိ

ပင်းတယ၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၁) ရက်နေ့

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် ထယ်သွန်းကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက် နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းကာ ဌာနအပိုင်ဘုရားနီကျေးရွာတွင် ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
  အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်း နှိမ်နင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင် ကာကွယ်ရေးနှိုးဆော်ချက်များကို လက်ကိုင်စပီကာများဖြင့် ကျေးရွာအတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags