COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်အတွက် ကချင်ပြည်နယ်မှ သူနာပြု (၂၀)ဦး ရန်ကုန်တိုင်းဒေသကြီးသို့ ထွက်ခွာ

မြစ်ကြီးနားမြို့၊၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလ(၅)ရက်နေ့

     ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန်အတွက် ကချင်ပြည်နယ်မှ ဆန္ဒပြုသည့် သူနာပြု (၂၀)ဦးသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စတင်ထွက်ခွာခဲ့ပါသည်။ အဆိုပါ အားဖြည့်ကူညီမည့်အဖွဲ့ကို ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ မြစ်ကြီးနား ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှ၊ ဆေးရုံကြီးမှ ပြည်နယ်အထူးကု ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုအားပေးခဲ့ကြပါသည်။

 

 

More Tags