ရမည်းသင်းမြို့နယ်၌ အထူးရဲသင်တန်း ဖွင့်လှစ်နိုင်ရန် သင်တန်းသားများအား ပမာဏကျန်းမာရေးများ စစ်ဆေးပေးခြင်း ဆောင်ရွက်

ရမည်းသင်းမြို့၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၂၈)ရက်နေ့

      မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၀ခုနှစ် နိုဝင်ဘာလ၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် မဲရုံများ၌ တာဝန်ပေးအပ်မည့် အထူးရဲသင်တန်းအား ၁.၁၀.၂၀၂၀ မှ ၂၈.၁၀.၂၀၂၀ ရက်နေ့အထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။ ထိုသို့သင်တန်း ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကာစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 preventing measures လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်နိုင်ရန် အဖျားရှိမရှိ စမ်းသပ်ခြင်း၊ ခရီးသွားရာဇဝင် ရှိ/မရှိ မေးမြန်းခြင်း၊ ပမာဏကျန်းမာရေး စစ်ဆေးပေးခြင်း၊ COVID-19 ရောဂါ ကာကွယ်ရေး ပိုစတာများကပ်ခြင်း၊ အသိပညာပေးခြင်း၊ social distancing နှင့်အညီ အိပ်ဆောင်၊ ထမင်းစား ဆောင်များ ပြင်ဆင်ခြင်း၊ စာသင်ခန်းများပြင်ဆင်ခြင်းစသည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပါသည်။ သင်တန်းသား(၂၄၇)ဦးအား နှစ်နေရာခွဲ အထက ကျောင်းနှင့် မြို့မ(အထက) ကျောင်းတို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။

 

 

More Tags