ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်အတွက် ကချင်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းများ စတင်ထွက်ခွာ

မြစ်ကြီးနားမြို့၊၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့

     ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန်အတွက် ကချင်ပြည်နယ်မှ ဆန္ဒပြုသည့် ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စတင်ထွက်ခွာခဲ့ပါသည်။ အဆိုပါ အားဖြည့်ကူညီမည့် အဖွဲ့တွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာနိုင်မြင့် (အဖွဲ့ခေါင်းဆောင်ဆရာဝန်)၊ ဒေါက်တာနော်လွမ် (အဖွဲ့ခေါင်းဆောင်ဆရာဝန်)၊ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးကျော်မင်းထွန်း (လက်ထောက် ကျန်းမာရေးမှူး)၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်မရန်ထုဂျာ (လက်ထောက်ကျန်းမာရေးမှူး)နှင့် မိုးကောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ခင်စန်းမြင့် (လက်ထောက်ကျန်းမာရေးမှူး) တို့ပါဝင်ကြပြီး ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းနှင့် ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခေါင်နောတို့မှ မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာကားဝင်းသို့ လိုက်ပါပို့ဆောင်၍ ဂုဏ်ပြုအားပေးခဲ့ပါသည်။ အဆိုပါ အဖွဲ့အပြင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အားဖြည့်ကူညီမှုအနေဖြင့် ဒေါက်တာဖြူဖြူသန့် (လက်ထောက်ညွှန်ကြားရေးမှူး)သည် ရန်ကုန်မြို့သို့ရောက်ရှိ၍ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

 

More Tags