တိုင်းဒေသကြီး/ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ရှိ အားကစားကွင်းနှင့် အားကစားရုံများတွင် (COVID-19) ကာလအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ထားရှိမှု အခြေအနေ

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၉ ရက်

     မြန်မာနိုင်ငံတွင် (COVID-19) ရောဂါ မပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှ အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစား ကွင်း/ အားကစားရုံ အဆောက်အဦးများအား အသုံးပြုပြီး ကူညီဆောင်ရွက်နေမှုမှတ်တမ်းများမှ တိုင်းဒေသကြီး/ပြည်နယ် အား/ကာ ဦးစီးဌာနများရှိ အားကစားကွင်းနှင့် အားကစားရုံ များတွင် (COVID-19) ကာလအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ထားရှိမှုအခြေအနေများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -

 

 

- ရခိုင်ပြည်နယ်အတွင်းရှိ ရမ်းဗြဲ၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံတို့ရှိ မြို့နယ်များတွင်(Quarantine)ဝင်ရောက်သူ စုစုပေါင်းမှာ ရောက်ရှိအင်အား (၁၂၄) ဦး၊ ပြန်လည် ထွက်ရှိအင်အား (၉၈) ဦး၊ ကျန်ရှိအင်အား (၂၆) ဦးရှိကြောင်း၊

- ချင်းပြည်နယ်၊ မတူပီ၊ ထန်တလန်တို့ရှိမြို့များတွင် (Quarantine) ဝင်ရောက်သူ စုစုပေါင်း အင်အားမှာ ရောက်ရှိအင်အား (၆၆)ဦး၊ ပြန်လည်ထွက်ရှိအင်အား (၄၀) ဦး၊ ကျန်ရှိ အင်အား (၂၆) ဦး ရှိကြောင်း၊

- ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံတွင် COVID-19 ရောဂါပိုး ရှိ/မရှိ ကျန်မာရေးစစ်ဆေးမှု Swab အခြေအနေကို (၂၆.၉.၂၀၂၀) ရက်နေ့မှ (၂၈.၉.၂၀၂၀) ရက်နေ့အထိ Swab လာရောက်စစ်ဆေးသူ (၁၇၀) ဦးရှိကြောင်းသိရှိရပါသည်။

 

More Tags