စစ်တွေမြို့တွင် လက်ရှိဖြစ်ပွားနေသော (COVID-19)ရောဂါနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေး ခြင်းပြုလုပ်

စစ်တွေမြို့၊ (၂၀၂၀)ပြည့်နှစ်၊ စက်တင်ဘာလ(၂၈)ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၁)၌ (၂၀၂၀)ပြည့်နှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် နေပြည်တော် ဗဟိုကူးစက်ဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာဉာဏ်ဝင်းမြင့်၊ ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဇော်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်အောင်ဝင်း(ကုသရေးဦးစီးဌာန)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်သာနှင့် အဖွဲ့တို့က စစ်တွေမြို့တွင် ဖြစ်ပွားနေသော COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။

 

 

More Tags