ကယားပြည်နယ်အတွင်း COVID 19 ကူးစက်ရောဂါ ကာကွယ်ရေးဆောင်ရွက်နေသော အသွားအလာ ကန့်သတ်ထားသည့် နေရာများနှင့် မြို့အဝင်ဂိတ်များအား ကွင်းဆင်းကြီးကြပ်

လွိုင်ကော်မြို့၊ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂၇)ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် ဒု-ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်းတို့သည် (၂၇-၉-၂၀၂၀)ရက်နေ့တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရေး ဆောင်ရွက်နေသော အသွားအလာ ကန့်သတ်ထားသည့် နေရာများ (Quarantine Sites) နှင့် မြို့အဝင်ဂိတ်များသို့ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ Quarantine Sitesများ ဖြစ်သော လွိင်ကော်မြို့နယ်မှ သူနာပြုသင်တန်းကျောင်း၊ ပညာရေးကောလိပ်၊ လွိုင်ကော်တက္ကသိုလ်၊ ဒီးမော့ဆို မြို့နယ်မှ စိုက်ပျိုးရေး သိပ္ပံသင်တန်းကျောင်း၊ မြို့အဝင်ဂိတ်များဖြစ်သည့် လွိုင်ကော်မြို့နယ်မှ ဝါရီကော်ခူဂိတ်၊ ဒီးမော့ဆိုမြို့မှ ဒေါတဝီဂိတ်နှင့် နန်းမယ်ခုံဂိတ်များသို့ ကွင်းဆင်းကြီးကြပ်ခဲ့ ပါသည်။ Quarantine Centers များတွင် တာဝန်ကျ ဝန်ထမ်းအား တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ လိုအပ်သော ကာကွယ်ရေးသုံး ပစ္စည်းများ ပြည့်စုံမှု ရှိ/မရှိ၊ လုပ်ငန်းအခက်အခဲများ ရှိ/မရှိကို မေးမြန်း၍ လိုက်နာဆောင်ရွက်ရန် အချက်များကို အကြံပြုလမ်းညွှန်ခဲ့ပါသည်။ မြို့အဝင်ဂိတ်များတွင် ဌာနပေါင်းစုံအဖွဲ့ဖြင့် ခရီးသွားပြည်သူများအား အဝင်/အထွက်ခွဲခြား၍ ကိုယ်အပူချိန်တိုင်းတားခြင်း၊ စာရင်းပြုလုပ်ခြင်း၊ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ Mask တပ်ဆင်ထားခြင်း မရှိသောသူများကို ပညာပေးခြင်း၊ တပ်စေခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ ဂိတ်များတွင် အပူချိန်တိုင်းကိရိယာ လုံလောက်မှု ရှိ/မရှိ၊ ကာကွယ်ရေးသုံးပစ္စည်းများ ပြည့်စုံမှုရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

 

More Tags