လဲချားတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

လဲချား၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၄ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်နံနက် ၆ နာရီအချိန်မှ စတင်၍ ပျံကျစျေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မောင်နွယ်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွါးမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် စျေးရောင်း၊စျေးဝယ် ပြည်သူများအား လက်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Mask)များတပ်ဆင်စေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ Hand Speaker ဖြင့် လှုံ့ဆော်အသိပညာပေးခြင်း စသည့်လုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

More Tags