ပင်းတယမြို့နယ်တွင် ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်

ပင်းတယ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၂၄) ရက်

     ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် ပန်းစစ်​ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှုး ဦးခင်ဇော်ထွန်း ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းတို့သည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်းကာ ​တောင်ရွှေပုထိုးကျေးလက်ကျန်းမာရေးဌာနခွဲအပိုင် နောင်သခေါ ကျေးရွာတွင် ပြည်သူလူထုကိုယ်တိုင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

     အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။ ထို့အပြင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးနှိုးဆော်ချက်များကို လက်ကိုင်စပီကာများဖြင့် ကျေးရွာအတွင်း လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ပါသည်။

More Tags