စစ်တွေမြို့ရှိ ကျောင်းများ၌ COVID-19 ရောဂါကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို Online ဖြင့် ဆရာဖြစ်သင်တန်းပို့ချ

စစ်တွေမြို့၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ ၌ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် COVID-19 ရောဂါကာကွယ် တားဆီးရေးအတွက် အဓိကကျသည့် သတင်းအချက်အလက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဆရာကိုင်လက်စွဲစာအုပ်ကိုအခြေခံ၍ သင်တန်းဆရာဖြစ် သင်တန်းကို (၂၃-၉-၂၀၂၀ မှ ၂၅-၉-၂၀၂၀) နေ့ထိ Zoom Application ဖြင့် ပို့ချသွားမည်ဖြစ်ရာ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ကျောင်းကျန်းမာရေး လုပ်ငန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ခံတစ်ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

More Tags