စစ်တွေမြို့တွင် (COVID-19)ရောဂါ ကာကွယ်၊ ကုသ၊ နှိမ်နင်းရေးလုပ်ငန်းများနှင့် ပတ်သက်သော အကြောင်းအရာများကို ပြည်ထောင်စုဝန်ကြီးနှင့် Video Conference ပြုလုပ်

စစ်တွေမြို့၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၁) ၌ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ နှိမ်နင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် Video Conference ပြုလုပ်၍ လမ်းညွှန်မှုများကိုခံယူပြီး နေပြည်တော်ဗဟိုဖြန့်ဖြူးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်၊ ဗဟိုကူးစက်ဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာဉာဏ်ဝင်းမြင့်‌၊ ရခိုင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

More Tags