စစ်တွေမြို့တွင် COVID-19 ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Coordination Online Meeting ပြုလုပ်ကျင်းပ

စစ်တွေမြို့၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်

     ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းဝေးခန်းမ (၁) ၌ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၁) ရက်၊ နေ့လည် (၂) နာရီအချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများ ဆောင်ရွက်နေကြသည့် UN Agency, INGOs အဖွဲ့များနှင့်တွေ့ဆုံပြီး စစ်ဘေးရှောင်စခန်းများ၊ IDP Camp များအတွင်း COVID-19 ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Coordination Online Meeting ပြုလုပ်ကျင်းပခဲ့ပါသည်။

 

 

     အဆိုပါအစည်းအဝေးတွင် နေပြည်တော်ဗဟိုကူးစက်ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်၊ ရခိုင်ပြည်နယ်ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ဒုတိယ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများဖြစ်သော ဒေါက်တာခင်ခင်ဇော်နှင့် ဒေါက်တာဇော်ဇော်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်တို့နှင့် UN Agency, INGOs အဖွဲ့များမှ တာ ဝန်ရှိပုဂ္ဂိုလ်များ ဆွေးနွေးခဲ့ကြပါသသည်။

More Tags