ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် အားဖြည့်ပေးမည့် သူနာပြု ဆရာ/ဆရာမများ ထွက်ခွာ

တောင်ကြီးမြို့ ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်

     COVID-19 ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်အားဖြည့်ကူညီပေးမည့် သူနာပြု ဆရာ/ဆရာမ (ကျန်းမာရေးဝန်ထမ်း) (၂၀) ဦးသည် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(တောင်ကြီး) မှ စတင်ထွက်ခွာသွားခဲ့ပါသည်။ စေတနာ့ဝန်ထမ်းသွားရောက် ကူညီသည့် ဆရာ၊ ဆရာမ များကို ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ စဝ်စံထွန်းဆေးရုံကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဌာနစိတ်တို့မှ ဂုဏ်ပြုထောက်ပံ့မှုများလည်း ပြုလုပ်ခဲ့ကြပါသည်။

More Tags