ပင်လောင်းမြို့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

ပင်လောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်

     ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အချိန်ကာလအတွင်း နေရပ်ပြန်ပြည်သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန်ဖွင့်လှစ်ထားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ အထက(၁)ကျောင်းတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ပါသည်။

 

     မြန်မာနိုင်ငံအတွင်းမြို့နယ်အသီးသီးမှ ပင်လောင်းမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများကိုထားရှိရန် အသွားအလာကန့်သတ်စောင့်ကြည်ရေးစင်တာဖြစ်သည့် ပင်လောင်းမြို့နယ်၊ အထက(၁) တွင် အမျိုးသား ၁၈ ဦး နှင့် အမျိုးသမီး ၁၈ ဦးကို မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များက ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လက်ကို စနစ်တကျဆေးကြောခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာနေထိုင်ကြရန် အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags