မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ဆော်ဩခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

မိုးနဲ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၈ ရက်

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ အသိပညာပေးဆော်ဩခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၁၄) အုပ်စုတို့တွင် ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက Hand Held Mega Phone များဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများထံသို့ ပြန်ကြားချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား အသိပေးဆော်ဩခြင်းနှင့် မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရန် မိုးနဲမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များက ရပ်ကွက်နေ မိသားစုဝင်များအသုံးပြုသည့် ရေအိုး၊ ရေစည်၊ ရေတိုင်ကီနှင့် သောက်သုံးရေကန်များကို ခြင်များ မခိုအောင်းနိုင်အောင် စနစ်တကျဖုံးအုပ်ထားကြရန် အသိပညာပေးခြင်းနှင့် အဘိတ် ဆေးခတ်ပေးခြင်း လုပ်ငန်းများကို ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

More Tags