ပေါက်တောမြို့တွင် COVID-19 IgG IgM Antibodies အတွက် Random Blood Sampling ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

ပေါက်တော၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၇ ရက်

     COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည် တော်ဗဟိုဖြန့်ဖြူးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်၊ ဗဟိုကူးစက်ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်‌တို့ ဦးဆောင်သောအဖွဲ့နှင့် ပေါက်တောမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများသည် ပေါက်တောမြို့ ပေါ်ရှိ ရပ်ကွက်များ၊ မြို့မစျေးကြီးနှင့် မြို့နယ်ပြည်သူ့‌ဆေးရုံတို့တွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များအနက် ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များနှင့် ပိုစတာများကိုဖြန့်ဝေခြင်း၊ COVID-19 Rapid Test Kit ဖြင့် စမ်းသပ်ခြင်းတို့ကို (၂၀၂၀)ပြည့်နှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

 
 

More Tags