ကယားပြည်နယ်အတွင်း COVID 19 ကူးစက်ရောဂါ ကာကွယ်ရေးဆောင်ရွက်နေသော မြို့အဝင်ဂိတ်များအား ကွင်းဆင်းကြီးကြပ်ခြင်း

လွိုင်ကော်၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၆ ရက်

     ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝမ်းနှင့်အဖွဲ့သည် (၁၃-၉-၂၀၂၀)ရက်နေ့နှင့် (၁၆-၉-၂၀၂၀) ရက်နေ့ တို့တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရေး ဆောင်ရွက်နေသော မြို့အဝင်ဂိတ်များသို့ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ လွိုင်ကော်မြို့နယ်မှ ဝါရီကော်ခူဂိတ်၊ ဆောင်ကန်း ဂိတ်များသို့ လည်းကောင်း၊ ဒီးမော့ဆိုမြို့မှ ဒေါတဝီဂိတ်နှင့် နန်းမယ်ခုံဂိတ်များသို့လည်းကောင်း ၊ ဘောလခဲမြို့နယ်ရှိ မြို့အဝင်ဂိတ်၊ ဖားဆောင်မြို့နယ်ရှိ မြို့အဝင်ဂိတ်၊ မယ်စဲ့မြို့နယ်ရှိ နယ်စပ်ဂိတ် (၂) ခုတို့သို့ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ မြို့အဝင်ဂိတ်များတွင် ဌာနပေါင်းစုံအဖွဲ့ဖြင့် ခရီးသွားပြည်သူများအား အဝင်/အထွက်ခွဲခြား၍ ကိုယ်အပူချိန်တိုင်းတားခြင်း၊ စာရင်းပြုလုပ်ခြင်း၊ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ Mask တပ်ဆင်ထားခြင်း မရှိသောသူများကို ပညာပေးခြင်း၊ ပြစ်ဒဏ်အဖြစ် Mask (၂) ခုကို (၁၀၀၀)ကျပ်ဖြင့်ရောင်းချ၍ တပ်စေခြင်း တို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ ဂိတ်များတွင် လိုအပ်ချက် ရှိသော ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးခဲ့ပါသည်။

 
 

More Tags