ရမည်းသင်းမြို့နယ်တွင် COVID-19 ရောဂါအကြောင်း ပြည်သူများ လိုက်နာရမည့်အချက်များအား လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်း

ရမည်းသင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၆ ရက်   

     မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်တွင် COVID -19 ရောဂါ လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါအား ကြိုတင်ကာကွယ်နိုင်ရန်အချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် မြို့နယ်ရှိ သက်ဆိုင်ရာ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လက်ကိုင်အသံချဲ့စက်ဖြင့်လည်းကောင်း၊ အသံချဲ့စက်ဖြင့် လည်းကောင်း နေ့စဉ် ငါးကြိမ်ခန့် နှိုးဆော်ပေးလျက်ရှိပါသည်။ ၎င်းကဲ့သို့ အသိပညာပေးရာတွင် (၂၇.၁.၂၀၂၀) မှယနေ့ထိ အသိပညာပေးသူဦးရေ (၃၈၂,၃၀၈)ဦး၊ အသိပညာပေးအကြိမ်ရေ (၉,၇၉၄)ကြိမ် တို့ဆောင်ရွက်ခဲ့ကြပါသည်။

More Tags