မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလစျေးတွင် COVID-19 နှင့် ပတ်သက်သောလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် mask တပ်ရန် ပညာပေးခြင်းတို့ ဆောင်ရွက်

ရန်ကုန်မြို့၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၈) ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ၊ ဖဆပလစျေးတွင် COVID-19 နှင့် ပတ်သက်သော ကျန်းမာရေးအသိပညာများဖြန့်ဝေမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်၏ ဦးဆောင်လမ်းညွှန်မှုများဖြင့် ကျန်းမာရေးမှူးအဆင့် (၁) ဒေါ်တင်တင်ဝင်းနှင့် သားဖွားဆရာမများ၊ အခြေခံကျန်းမာရေးပညာရှင်များ ပါဝင်သောအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ စျေးသူစျေးသားများနှင့် စျေးဝယ်သူမိဘပြည်သူများအား COVID-19 နှင့် ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ mask များဝတ်ဆင်သွားလာရန် ပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်အရာရှိများ နှင့်မိခင်နှင့်ကလေး အဖွဲ့ဝင်များက လိုက်ပါကူညီ လုပ်ဆောင်ပေးခဲ့ပါသည်။

More Tags