ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ချမ်းမြေ့ဈေးတွင် COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန်မြို့၊၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ(၇)ရက်

     ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၇) ရက်၊ မွန်းလွဲ (၁) နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်ရှိ ချမ်းမြေ့ဈေးတွင် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များမှ ကွင်းဆင်း၍ ဈေးအတွင်းရှိ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ နှစ်ဦးနှစ်ဖက်စလုံး ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန်၊ ဈေးမှဝယ်ယူလာသည့် ပစ္စည်းများအား အိမ်ထဲမထည့်မီဆေးဖြန်းသန့်စင်ရန်၊ ဈေးဝယ်ပြန်လာသူများအနေ ဖြင့် မိမိအိမ်သို့ပြန်ရောက်ပါက ချက်ချင်းရေချိုး၍ ဝတ်ဆင်ခဲ့သော အဝတ်များအား မိနစ်၃၀ ဆပ်ပြာနှင့်စိမ်ပြီးမှလျှော်ရန်၊ ဈေးဝယ်စဉ်ကတည်း သားစိမ်းငါးစိမ်းနှင့် အသီးအရွက်ကို သီးခြားစီခွဲထည့်ရန်၊ သားစိမ်းငါးစိမ်းကိုင်သော စဉ်းနှီတုန်းနှင့် အသီးအရွက်လှီးသည့် စဉ်းနှီတုန်းအား ရော‌နှောသုံးစွဲခြင်းမပြုဘဲ သီးခြားခွဲသုံးရန်၊ ဈေးသည်များအနေဖြင့် အသား/ငါး ကိုင်သောသူနှင့် ငွေသိမ်းသူဟူ၍(၂)ဦး သီးခြားထားရှိရန်၊ ဈေးသည်များ၏ သားစိမ်းငါးစိမ်း ကိုင်သော စဉ်းနှီတုန်းများ၊ ဓားများ၊ အလေးများ၊ ချိန်ခွင်များအား ဈေးရောင်းပြီးပါက Bleaching powder 1% Chlorine ကို ရေဖြင့်ဖျော်၍ ဆေးရည်ထဲတွင် စိမ်၍ သန့်ရှင်းရေးပြုလုပ်ရန်၊ ဈေးသည်များအနေဖြင့် ဈေးရောင်းပြီးပါက မိမိအိမ်သို့မပြန်မီ ဈေးတွင် ရေချိုးသန့်စင်ပြီးမှပြန်ရန်၊ ဈေးရောင်းသူများ၊ ဈေးဝယ်သူများ တစ်ဦးနှင့်တစ်ဦး (၆) ပေခွာရန်၊ COVID-19 ရောဂါ မိမိကစ၍ ကာကွယ်ရန် ပညာပေးခြင်းတို့ကို ဗိုလ်တထောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မင်းမင်းလတ်နှင့် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ မှ အသိပညာပေး ကြီးကြပ်စစ်ဆေးခဲ့ပါသည်။

 

 

More Tags