မိုင်းပျဉ်းမြို့တွင် Mobile Tablet အသုံးပြုနည်း ဆင့်ပွားသင်တန်း ပို့ချ

မိုင်းပျဉ်းမြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၈) ရက်

     ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမတွင် (၂၈.၈.၂၀၂၀) ရက်နေ့မှ (၂၉.၈.၂၀၂၀) ရက်နေ့အထိ Mobile Tablet အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းဆရာများဖြစ်သည့် ဒေါ်နန့်စိမ်းခီ၊ ဦးစီးအရာရှိ(သူနာပြု)၊ ဒေါ်နန်းရှန်ဟွမ်၊ ပြည်သူ့ကျန်းမာရေးဆရာမကြီး၊ ဒေါ်နွယ်နွယ်စိုး၊ လက်ထောက်ကျန်းမာရေးမှူးနှင့် ဦးမြင့်ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ တို့က Mobile Tablet အသုံးပြုနည်း၊ ပါဝင်သည့်စာအုပ်များနှင့် Applications များ အကြောင်းကို အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်း (၃၂) ဦးအား အသေးစိတ်သင်ကြားပို့ချခဲ့ကြပါသည်။

 
 

More Tags