လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာတွင် COVID-19 ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်

လက်ပံတန်းမြို့၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၅) ရက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ် (၂) ခုကို (၅-၉-၂၀၂၀) ရက်နေ့ ညနေ (၂) နာရီမှစ၍ ဖွင့်လှစ်ထားရှိပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူများ COVID-19 ရောဂါကာကွယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် သွားလာနေသော လက်ပံတန်းမြို့ အဝင်၊ အထွက် ကားများနှင့် ယာဉ်ပေါ်ပါသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို လက်ပံတန်းမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ နေ့စဉ်နံနက်(၆)နာရီအချိန်မှ ည(၁၂)နာရီအထိ ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask တပ်ရန်၊ လက်ဆေးရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags