ပဲခူးတိုင်းဒေသကြီးတွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ ၂၀၂၀ ပြည့်နှစ် ၊ စက်တင်ဘာလ (၃)ရက်

     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမတွင် (၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ ကျင်းပရာ တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

 

     အမှာစကားပြောကြားရာတွင် ပြည်သူလူထုအတွင်း၌ အာဟာရပြည့်ဝမျှတပြီး ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားကောင်း သမီးကောင်းရတနာများ ပေါ်ထွက်လာစေရေး၊ နိုင်ငံသားတိုင်း၏အာဟာရ အခြေအနေကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေး ဝန်ထမ်းများနှင့်နှီးနွယ်ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးကပါ ဝိုင်းဝန်းပြီး လက်တွဲညီညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် နိုင်ငံသားများအာဟာရပြည့်ဝရေးအတွက်နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့် ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက်ပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ နှီးနွယ်ဌာန ဆိုင်ရာများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

     ထို့နောက်ကဏ္ဍပေါင်းစုံမှပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများအား မှတ်တမ်းတင်ဗီဒီယိုပြသရာ တိုင်းဦးစီးမှူးနှင့် တက်ရောက်လာသူများမှ ကြည့်ရှု လေ့လာကြပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံးအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး အာဟာရပြည့်ဝစွာစားသုံးတတ်စေရန်၊ အာဟာရအသိပညာကို လိုက်နာကျင့် သုံးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင် ပေးနိုင်စေရန်ရည်မှန်းလျက် နှစ်စဉ်ဩဂုတ်လတစ်လလုံးကိုအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပထမသီတင်းပတ်ကိုကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ဒုတိယ သီတင်းပတ်ကို ငါးနှစ်အောက်ကလေးငယ်များ၊ ကျောင်းနေအရွယ်ကလေးများနှင့် လူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊တတိယသီတင်းပတ်ကိုကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထသီတင်းပတ်ကိုအိုင်အိုဒင်းချို့တဲ့မှုရောဂါများပပျောက်ရေးနှင့် အစာတွင် အဏုအာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပါသည်။

     အခမ်းအနားသို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများ ၊ တိုင်း၊ ခရိုင်နှင့်မြို့နယ်ကျန်းမာတို့မှ အရာထမ်းများ၊ တိုင်းအဆင့် နှီးနွယ် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့်မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြပါသည်။

More Tags