ကျိုင်းတုံမြို့တွင် Inventory Control Logistics Management System သင်တန်းပို့ချ

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂-၉-၂၀၂၀) ဗုဒ္ဓဟူးနေ့မှ (၃-၉-၂၀၂၀) ကြာသပတေးနေ့ထိ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများဆေးဝါးပစ္စည်း လိုအပ်ချက်တွက်ချက် တောင်းခံရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဆေးဝါးအရေအတွက် အပိုအလိုအလေအလွင့် နည်းပါးစေရန် လိုအပ်ချက်ပမာဏကိုသတ်မှတ်ကာလအတိုင်း တွက်ချက်တောင်းခံသည့်အခြေခံမူ (Pull System) ကျင့်သုံးဆောင်ရွက်ရန်ရည်ရွယ်၍ Inventory Control Logistics Management System သင်တန်းအား ကျင်းပခဲ့ပါသည်။

 

     အဆိုပါသင်တန်းဖွင့်ပွဲအခန်းအနားတွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဆေးဝါးပစ္စည်းတွက်ချက်နည်း ကိုအသုံးပြု၍ ဆေးဝါးပစ္စည်းလိုအပ်ချက်တောင်းခံခြင်းဖြင့်ဆေးဝါးများပိုလျှံခြင်း၊ ပြတ်လပ်ခြင်းများ လျှော့နည်းစေပြီးရောဂါဖြစ်ပွားမှုအလိုက် ဆေးဝါးသုံးစွဲမှုအပေါ်မူတည်၍ လိုအပ်ချက်နှင့်အညီမှာယူခြင်း ဖြင့်နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေလေလွင့်ဆုံးရှုံးမှုလျော့နည်းစေမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသားစုစုပေါင်း (၃၁)ဦးတက်ရောက်ခဲ့ပြီး COVID-19 ကာလအတွင်း Social Distancing ဖြင့်ပြုလုပ်ခဲ့ပါသည်။

More Tags