မန္တလေးတိုင်းဒေသကြီးတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Online ဖြင့်ကျင်းပပြုလုပ်

မန္တလေးမြို့၊၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်

     မန္တလေးတိုင်းဒေသကြီးတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Zoom Application အသုံးပြု၍ Online Meetingကို (၃.၉.၂၀၂၀)ရက်နေ့၊ နေ့လည် ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ Emergency Operation Center ၌ကျင်းပပြုလုပ်ခဲ့သည်။

 

     အဆိုပါအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီး ဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာသင်းသင်းနွယ် ၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏသောင်း ၊ လက်ထောက်ညွှန်ကြားရေးမှူးများ တတ်ရောက်ကြပြီး ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ နှင့် ခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီးများက Online မှတဆင့်တက်ရောက်ခဲ့ကြသည်။

     အစည်းအဝေးအတွင် မန္တလေးတိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီး ဌာနမှူး ဒေါက်တာသန်းသန်းမြင့်က COVID 19 ရောဂါနှင့်ပတ်သက်၍ ဆေးရုံများတွင် ပြင်ဆင်ထားရှိရမည့်အခြေအနေများ၊ လူနာညွှန်းပို့ရေးကိစ္စရပ်များအား လမ်းညွှန်မှာကြားပြီးခရိုင်/မြို့နယ်မှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများက တင်ပြဆွေးနွေး ခဲ့ကြသည်။

More Tags